Monday, November 24, 2008

ဖြေပေးပါ

ချစ်သူကို နေ့စဉ်တွေ့မြင်ပြီး ပြောဆိုနေတဲ့အခါ ..... ချစ်ရသူက ကိုယ့်ကို အရေးတယူ ပြုလက်ခံစကားပြောလာရင် ကြည်နူးရပါတယ် ... ဒါပေမယ့် တစ်ခါတစ်ခါတော့လည်း .... ချစ်ရသူက နှုတ်ဆိတ်လွန်း၍ ဥပေက္ခာ ပြုတဲ့အခါမျိုးမှာ ခံစားနာကျင်ရတယ် ..... ချစ်ရသူဆီက အချစ်ကို ပိုင်ဆိုင်ချင်တယ် .... ဒါပေမယ့် ချစ်ရသူက မသိသလိုဟန်ဆောင်လို့ စည်းခြားစေတဲ့ စကားလုံးတွေသုံးပြီး .........။
အဲဒီတော့လေ ချစ်သူကို အဝေးက ချစ်နေခြင်းနဲ့ပဲ မမြင်ကွယ်ရာမှာ နေရမလား ..... ဒီတိုင်းလေးပဲ မျှော်လင့်နေရဦးမလား .... သူကိုယ့်ကို ချစ်လာနိုင်ပါဦးမလား ..... မျှော်လင့်ရတာ လည်းရင်မောတယ် ..... ချစ်ရတာ(တစ်ဖက်သတ်)လည်း ပင်ပန်းတယ် ...... ကိုယ်ကစပြီး ဖွင့်ပြောခွင့်လည်းမရှိ ..... ချစ်မိသူက အရှုံးပါပဲ .....။
ကဲ ကဗျာ ဘာဆက်လုပ်ရမလဲ .........။

4 Comments:

Welcome said...

အစ်မ
ဘဝတစ်ခုလုံးနဲ့လည်း သက်ဆိုင်ပြီး
ထောင်တန်တဲ့စကားကို "ချစ်တယ်" ဆိုတဲ့ စကားလှလှလေးနဲ့ ပေါ့ပျက်ပျက် မဖြစ်စေချင်တဲ့ လေးနက်မှုကို တန်ဖိုးထားနေ လေရော့သလားပဲနော်။

(နားလည်သလိုခံစားတာပါ)
လေးစားလျက်ပါ
http://winzaw-mdy.blogspot.com/

ကဗျာမ လေး said...

ကိုဝင်းဇော်
ဘာပြောချင်တယ်ဆိုတာ တကယ်နားမလည်ဘူး ..... ထောင်တန်တဲ့ စကားက ဘာများပါလိမ့်နော် ..... ချစ်တယ် ဆိုတဲ့ စကားက ပေါ့ပျက်တယ် ဆိုရင်တော့ " နှင်းဇော် " ချစ်ရသူကို ရင်ထဲကပဲ တိတ်တိတ်လေး ချစ်သွားပါတော့မယ် ...

ကိုတိုး said...
This comment has been removed by the author.
ကိုတိုး said...

အမရေ အချစ်ဆိုတာတစ်ခုတည်းအတွက်နဲ့တော့ ဖြေဆေးဆိုတာရှိပါတယ်အမ
ဘာလို့လည်းဆိုရင် အမအတွက်အချစ်ဆိုတာကိုလည်းထပ်ပြီးခံစားရအုံးမှာပါအမ
လူတိုင်းဟာ အချစ်ကြောင့်ရှုးခဲ့ရတာပဲလေအမ…. အခုအမအဖြစ်ကိုတော့
မောင်လေးသိနေပါတယ်………. သက်ဆိုင်သူကိုလည်းသိစေချင်ပါတယ်အမ
အိပ်ချင်ယောင်ဆောင်နေတဲ့သူက နိုးရခက်သလို သိရဲ့သားနဲ့လည်း
မသိချင်ယောင်ဆောင်နေတာတော့လည်း အမဘက်ကတော့အဆိုးမဟုတ်ဘူးအမ။
အမအချစ်က ဘယ်လိုပြောမလည်းနော် တစ်ဘက်သတ်အချစ်ဆိုတာများ
ဖြစ်နေမလားမသိဘူးနော်အမ။ တစ်ဖက်သတ်အချစ်က ပင်ပန်းတယ်အမ
စိတ်ဆင်းရဲရတယ်အမ……. တစ်နေ့တော့လည်းအမနားလည်သွားမှာပါအမ
အမ ဘာမှာဆက်လုပ်စရာမလိုပါဘူးအမ ကိုယ့်အလုပ်ကိုပဲ ပုံမှန်လေး
လုပ်ပါ ဘလော့လေးကိုလည်းရေးမြဲအတိုင်းသာ ဆက်ရေးပါလို့ မောင်လေးအားပေးချင်တယ်အမ။
အဆင်ပြေမယ်လို့ထင်ပါတယ်အမ။ တစ်နေ့တော့အမ အားလုံးကိုကျော်ဖြတ်နိုင်မှာပါအမ………

Post a Comment