Tuesday, November 4, 2008

" ကျေးဇူးပဲ ဝေဒနာ "

ပြိုင်ပွဲလို့ မသတ်မှတ်ခဲ့ပေမဲ့
အရှုံးတွေ အပ်ကြောင်း ထပ်လာတဲ့အခါ
နှုတ်ခမ်းတွေတောင် မပြုံးတတ်တော့သလိုပဲ။
ခဏတာ ရည်စူးခြင်း မဟုတ်ခဲ့ပေမဲ့
ပျက်ပြယ်မှုတွေပဲ စားသုံးနေရတဲ့ အခါ
ယုံကြည်ချက်တွေဟာ အေးစက်သွားသလိုပဲ။
နှလုံးသားက အတေး အမှတ် မထားတတ်ပေမဲ့
တစ်ဖက်သတ် ပေးဆပ်ရဖန် များလာတဲ့အခါ
မျက်ရည်မြစ်ဟာလည်း ခန်းသွားသလိုပဲ။
ဒါပေမဲ့ လေ
အဲဒီ ဝေဒနာတွေကြောင့်ပဲ
မုသား မှန်သမျှ မယုံစားတတ်ခဲ့တာ
ဒဏ်ရာ မှန်သမျှ ကဗျာတွေနဲ့ ကုစားတတ်ခဲ့တာပါ။

2 Comments:

Welcome said...

အစ်မ
×××× ဆိုတာ
ဝမ်းနည်းမှုထဲက ဖြေသိမ့်မှု။
ဆူ၂ညံ၂တွေထဲက တိတ်ဆိတ်မှု။
စိုးရိမ်ပူပန်မှုတွေထဲက အနားယူမှု။
စိတ်ပျက်အားငယ်မှုထဲက မျှော်လင့်ခြင်းတဲ့။
(သိမ်မွေ့တဲ့ ကဗျာလေးတွေ ဆက်လက်ရေး နိုင်ပါစေ...)

Welcome said...

အစ်မ
ခါးသီးတဲ့ ခံစားမှုတွေက သိမ်မွေ့တဲ့ ကဗျာကောင်းတွေကို ဖန်တီး ဖြစ်ပေါ် စေတာတော့ အမှန်ပါပဲ။ ဒဏ်ရာတွေ ဖြေဖျောက် နိုင်တဲ့နေ့ကိုတော့ ကြုံတွေ့ရမှာပါ။ ဒီအခါ ကျရင် ကဗျာကောင်းလေးတွေကို ဆက်လက်ဖန်တီး ပေးဖို့ကို မေ့မသွားပါနဲ့
လေးစားလျက်
http://winzaw-mdy.blogspot.com

Post a Comment