Online မှာဆုံ
ကြုံရစဉ် ခဏ
အနုအရွ စကားလေးတွေနဲ့
သမုဒယပွား
ချစ်တယ်ဆိုတဲ့ စကား
ကြားချင်ခဲ့တာ
"ညီမ" အမှားလား "အစ်ကို" ရယ်......။
အမှားကြားထဲက "ညီမ"
စကားများစွာ နာကြားရင်း
ပါးလျတဲ့ နှလုံးသား
တလှပ်လှပ်နဲ့ ခုန်သွားတာ
"အစ်ကို" မှ သိပါလေစ.....။
ဒီလို နဲ့ ...........
ရိုးသားပါတယ် ဆိုတဲ့ "အစ်ကို့" နှလုံးသား
နိုးကြားလာတဲ့ အခါ
တွေ့လိုက်ရတဲ့ စာသား
"ညီမ" ဗျာများသွားခဲ့ရတယ်
"ညီမ ကို အစ်ကို ချစ်ပါတယ်" တဲ့။
နှလုံးသားလေးလှုပ်ရှား
ဟုတ်မှ ဟုတ်ပါလေစလို့
gmail ထဲမှာတင်
ဆက်မြင်ရတာက
"ညီမ တစ်ယောက်လိုပါ" တဲ့...............။ ...... ဟိ ဟိ ....။
... တိုက်ဆိုင်သူများ ခွင့်လွှတ်ကြပါရှင် ...
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
3 weeks ago
0 Comments:
Post a Comment