Friday, October 31, 2008

လက်ကိုင်ဖုန်း သုံးစွဲသူများ သို့.........

လက်ကိုင်ဖုန်းသုံးစွဲသူတွေ အနေနဲ့ သတိပြုရမှာက မိမိဖုန်းထဲမှာ ထည့်သွင်းရမယ့်ကတ်ပြားလေးပဲ ဖြစ်ပါတယ်။ အဲဒီကတ်ပြားလေးက အိုင်တီနည်းစနစ်ကို အသုံးပြုပြီး အချက်အလက်နဲ့ မှတ်ဉာဏ်တွေထည့်ထားတာမို့ ဖုန်းထဲထည့်သွင်းတဲ့အခါ သတိပြုရမှာဖြစ်ပါတယ်။
ကတ်ပြားလေးကို ဖုန်းထဲထည့်သွင်းချိန်မှာ အံဝင်ခွင်ကျဖြစ်အောင် သေသေချာချာ ပြင်ဆင်ပြီးမှ ထည့်သွင်းသင့်ပါတယ်။ အံမကျဘဲ အတင်းထိုးပြီး ထည့်သွင်းရင် ကတ်ပြားပျက်စီးတတ်ပါတယ်။ အဲဒီ ကတ်ပြားကိုလည်း မထည့်သွင်းမီနဲ့ ထည့်သွင်းပြီးချိန်မှာ သံလိုက်တွေ၊ သံချောင်းတွေနဲ့ မထိသင့်ပါဘူး။ ကတ်ပြားပျက်စီးနိုင်ပါတယ်။
" လက်ကိုင်ဖုန်းအတွင်း ကတ်ထည့်သွင်း အသုံးပြုတဲ့အခါ စနစ်တကျမရှိဘဲ အနေအထားမမှန်ပါက လက်ကိုင်ဖုန်းမှန်သားပြင်တွင် Insert Sim Card ဟူသော စာတန်းပေါ်လာမည်ဖြစ်သည်။ ထိုစာတန်းပေါ်ပါက မိမိကတ်ပျက်စီးနေပြီကို သိရမည်ဖြစ်သည်။ "
ကတ်နဲ့အသုံးပြုတဲ့ ဖုန်းတွေထဲမှာ Security Setting ၀င်ပြီးတော့ ကိုယ်မသိတာ၊ နားမလည် မသေချာတာတွေကို ပြောင်းလိုက်၊ ပြင်လိုက် မပြုလုပ်ရပါဘူး၊ အဲဒီလိုလုပ်ရင် ကတ်မှာရှိတဲ့ အချက်အလက်တွေ ပျောက်တတ် ပျက်တတ်ပါတယ်။ တချို့က လက်ကိုင်ဖုန်းကို ဟိုနှိပ်ဒီနှိပ်လုပ်တတ်ပါတယ်။ အဲဒီလိုလုပ်ရင်းနဲ့လည်း Pin Block ဆိုတဲ့ စာတန်း၊ Puk Block ဆိုတဲ့ စာတန်းတွေ ပေါ်လာတတ်ပါတယ်။ အဲဒါဆိုရင် အဲဒီကတ် အသုံးပြုလို့မရတော့ပါဘူး။

0 Comments:

Post a Comment