အချစ်ဦး နဲ့လည်း
အရူးအမူး ချစ်ခဲ့ဖူးပြီးးး
ရည်းစားဦးလည်း
ထားခဲ့ဖူးပြီးးးးး
အနမ်းဦးလည်း
လွမ်းခဲ့ဖူးပြီးးးးးးး
အခုတော့ .....
အသည်းဦးလည်း
ကွဲဖူးပြီပေါ့.. .. ။
နောင် သံသရာ
ဖြစ်လေရာ ဘ၀အဆက်ဆက်
ဒီလို အဖြစ်မျိုးနဲ့ ကိုယ်
ထပ်မံ ၍ မကြုံပါရစေနဲ့
သူသည်လည်း တဖန်
တန်ပြန် မကြုံရပါစေနဲ့
ကိုယ့် အသည်းကို
သူခွဲသလို
သူ့ အသည်း ပြန်၍မကွဲပါစေနဲ့
ကိုယ် စိတ်ဆင်းရဲသလို
သူသည်လည်း
စိတ်ချမ်းသာ နိုင်ပါစေ
ကိုယ့် လို ငိုပွဲ
သူ မနွှဲရပါစေနဲ့
သူ ချစ်သလို
ကိုယ်က မချစ်နိုင်
ဂုဏ်ပြိုင် ခြင်းဆိုတာ
အချစ်မှ မဟုတ်တာ......
ကိုယ်သည် သူ့အား
ချစ်သည် မဟုတ်
မေတ္တာ ထားခြင်းသာဖြစ်သည်
ဆရာတော် ဦးဇောတိက
ဟောကြား(ပြ) ချက်မှာ
"မေတ္တာ" ဆိုတာ
အကျိုးကို လိုလားခြင်းတဲ့ .........။ ။
Wednesday, October 8, 2008
မေတ္တာ
Posted by ကဗျာမ လေး at 12:40 PM
Labels: ကိုယ်တိုင်ရေး ကဗျာ
Subscribe to:
Post Comments (Atom)
2 Comments:
How shall i express that i feel your words regarding "Myittar" . I come to understand myittar more than before after reading ur lovely poem
အစ်မ
သိပ်ကောင်းတယ်၊ နှစ်သက်တယ်၊ တစ်ကဲ့ခံစားချက်ဆိုရင်တော့ စိတ်မကောင်းပါ။
လေးစားလျက်
http://winzaw-mdy.blogspot.com
Post a Comment