ဘာသာရပ်ဆိုင်ရာ လူတွေ့စစ်ဆေးသည့် စာမေးပွဲ၌ ကိုယ်တိုင်သင်ကြားပေးခဲ့သော ဆရာတစ်ဦးက တပည့်ဖြစ်သူအား မေးခွန်းများမေးလေသည်။
ဆရာ ။ ။ ငါသင်ကြားပေးခဲ့တဲ့ ဘာသာရပ်ထဲက သင်ခန်းစာတစ်ခုအကြောင်း ပြောပြပါ။
တပည့် ။ ။ မဖြေနိုင်ဘဲ နှုတ်ဆိတ်နေသည်။
ဆရာ ။ ။ ဒါဆိုရင် အဲဒီသင်ခန်းစာတစ်ခုတည်းက မှတ်မိတဲ့စာတစ်ကြောင်းလောက် ပြောပြပါ။
တပည့် ။ ။ မဖြေနိုင်ဘဲ နှုတ်ဆိတ်နေပြန်သည်။
ဆရာ ။ ။ ကဲ ... ဒါဆိုလည်း အဲဒီအခန်းတစ်က အကြောင်းအရာတွေက ဘာလဲကွာ။
တပည့် ။ ။ မဖြေနိုင်ဘဲ နှုတ်ဆိတ်မြဲ နှုတ်ဆိတ်နေပြန်သည်။
ထိုအခါ ဆရာဖြစ်သူက တပည့်ကို စာမေးပွဲအောင်စေချင်သဖြင့် အလွယ်ဆုံးမေးခွန်းမေးလိုက်ရာ...
ဆရာ ။ ။ အဲဒီဘာသာရပ်ကို ဘယ်သူသင်ကြားခဲ့လဲဆိုတာပဲ ဖြေပါကွာ။
တပည့် ။ ။ ဆရာနဲ့တော့ ရုပ်ချင်းဆင်တူသလိုလိုပါပဲ။
ဆရာ ။ ။ ' ဟိုက် '
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
4 weeks ago
1 Comment:
ရယ်စရာဟသလေးတွေ မျှဝေပေးတာပဲနော် ကျေးဇူးပါပဲဗျာ အခုလိုမျှဝေပေးတဲ့အတွက်ပါ။
Post a Comment