မှတ်မိလိုက်ပုံက....
စမစ်အမည်ရှိ အမျိုးသားကြီးတစ်ဦးသည် ရထားစီးရင်း ဗိုက်ဆာလာသဖြင့် စားသောက်တွဲသို့သွားကာ စားသောက်ပြီးနောက် ပြန်လာစဉ် သူစီးနင်းရာတွဲကို မမှတ်မိသဖြင့် အနီးရှိတွဲစောင့်အား မေးမြန်းလေသည်။
စမစ် ။ ။ ကျွန်တော်စီးလာတဲ့ တွဲ မမှတ်မိဘူး ဖြစ်နေတယ်။
တွဲစောင့် ။ ။ ရထားတွဲနံပါတ် ဘယ်လောက်လဲ။
စမစ် ။ ။ မမှတ်မိဘူးဗျာ။
တွဲစောင့် ။ ။ ဒါဆို...ရထားလက်မှတ်မှာ ပါမှာပေါ့။ ရထားလက်မှတ် ခဏပေးပါ၊ ကြည့်ပေးမယ်။
စမစ် ။ ။ ရထားလက်မှတ်လည်း အ၀တ်အိတ်ထဲမှာ ကျန်ခဲ့တယ်။
တွဲစောင့် ။ ။ ပြန်စဉ်းစားပါဦး၊ စီးလာတဲ့ရထားတွဲမှာ အမှတ်အသား ဘာမှတ်မိလဲ။
စမစ် ။ ။ ဟုတ်ပြီ.....ကျွန်တော်စီးလာတဲ့ ထိုင်ခုံဘေးမှာ ပြတင်းပေါက်ရှိတယ်။ ပြတင်းပေါက်က လှမ်းကြည့်လိုက်ရင် လယ်ကွင်းတွေ တွေ့ရတယ်ဗျ၊ ဒါဆို ရှာလို့ရပြီပေါ့။
တွဲစောင့် ။ ။ ' ဗျာ '
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
4 weeks ago
1 Comment:
မဂၤလာပါ
ဘ၀အမောပြေအတွက် ကျေးဇူးပါ
ဒီလိုလည်း ဖြစ်တတ်တာပဲလားဗျာ
ခင်မင်လျက်
ဝင်းဇော်
http://winzaw-mdy.blogspot.com
Post a Comment