>>ကြားဖူးနားဝ မှတ်သားမိသော စကားလေးများကို ရောသမမွှေ၍ <<
အနှစ်မရှိတဲ့တော ကြက်ဆူပင်မင်းမူ
ငါးကြင်းဆီနဲ့ ငါးကြင်းကြော်
အလျင်လိုရင် လမ်းဟောင်းလိုက်
ရေစီးတစ်ခါ ရေသာတစ်လှည့်
လသာတုန်း ဗိုင်းငင်
လူအကြောင်း ပေါင်းမှသိ၊ ရွှေအကြောင်းဖယောင်းမှသိ
(ရွှေအကြောင်း ဖယောင်းသက်သေ လို့လည်းကြားဖူးပါတယ်)
ကျွန်း ကိုင်းမှီ ကိုင်း ကျွန်းမှီ
စီးတဲ့ရေ ဆည်တဲ့ကန်သင်း
လင်နဲ့မယား လျှာနဲ့သွား
ယောင်္ကျားဖောင်စီး မိန်းမမီးနေ
ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါး
ပညာရှာ ပမာသူဖုန်းစား
လှိုင်းကြီးလှေအောက် တောင်ကြီးဖ၀ါးအောက်
အချိန်နှင့်ဒီရေသည် လူကိုမစောင့်
ဆင်ကန်းတောတိုး
စစ်ရောက်မှ မြားကုန်
ပိုးဖလံမျိုး မီးကိုတိုး
ကျောချမှ ဓားပြမှန်းသိ
နေရိပ်အလာ နေပူကစောင့်
လ္ဘက်ကောင်းစားချင် ပလောင်တောင်တက်နှေးရတယ်
ရှမ်းမပြီးခင် ဗမာမမြင်စေနဲ့
နွားရှေ့ ထွန်ကျူး
မိကျောင်းမင်း ရေခင်းပြ
တပည့်မကောင်း ဆရာ့ခေါင်း
သားသမီးမကောင်း မိဘခေါင်း
သားသမီးယုံ စုံလုံးကန်း
လက်ပံပင် ဆက်ရက်ကျ
ဆရာ မပြ နည်းမကျ
* ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏ *
မိုးရွာတုန်း ရေခံ
မရှိခိုးနိုး မလှစုန်းမျိုး
လည်လွန်းတဲ့ဘီး ချေးသင့်
ကတုံးပေါ် ထိပ်ကွက်
ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး
ရွာနားကမြက် ရွာနွားမစား
ပညာရှိအမျက် အပြင်မထွက်
ကျွဲပါး စောင်းတီး
မြင်းကမလှုပ် ခုန်ကလှုပ်
ယုန်ကမတိုး ပိုက်ကတိုး
သေချင်တဲ့ကျား တောပြောင်း
တစ်ရွာမပြောင်း သူကောင်းမဖြစ်
မေးပါများ စကားရ
သွားပါများ ခရီးရောက်
မအိပ်မနေ အသက်ရှည်
ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်
မပြောမပြီး မတီးမမြည်
မပြည့်တဲ့အိုး ဘောင်ဘင်ခတ်
အိုးကမရွဲ့ စလောင်းကရွဲ့
ပွဲမ၀င်ခင် အပြင်ကကျင်းပ
နှုတ်ခမ်းပဲ့ချင်း မီးမှုတ်
အရိပ်နေနေ အခက်ချိုးချိုး
သားရေပေါ်အိပ် သားရေနားစား
ပညာရဲရင့် ပွဲလယ်တင့်
ပညာရွှေအိုး လူမခိုး
ရေမြင့်လေ ကြာတင့်လေ
နေမြင့်လေ အရူးရင့်လေ
အရူးက တစ်မူးသာ
ဆက်ရက်ချိုးထင် သားမက်သူခိုးထင်
အချိန်ရှိခိုက် လုံ့လစိုက်
မြွေပါလည်းဆုံး သားလည်းဆုံး
မြွေမသေ တုတ်မကျိုး
လွဲမှားမှုတစုံတရာ တွေ့ရှိပါလျင် ပြင်ဆင်ပေးကြပါရှင်။
စာလုံးပေါင်းသတ်ပုံများလည်း မမှန်ကန်ပါက ခွင့်လွှတ်စေချင်ပါသည်။
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
2 months ago
1 Comment:
အစ္မ
မှတ်သားစရာဗဟုသုတ တွေကို မျှဝေပေးတဲ့အတွက် အတိုင်းမသိ ၀မ်းသာပါကြောင်း
လေးစားလျက်
ဝင်းဇော်
http://winzaw-mdy.blogspot.com
Post a Comment