သုဿန်မဟုတ်တဲ့
သည်အရပ်မှာ
သေသည်နှင့်မခြား
သုဥ့်ပန်းဘ၀နဲ့ နေနေရတာ
သူကတော့ သိမှာမဟုတ်ပါဘူး။။။
ပန်းတိုင်မရောက်ခင်
ပျင်းစရာအပြည့်နဲ့
ပြဿနာများစွာကြားမှာ
ပင်ပန်းမှုဒဏ်တွေခံနေရတာ
ပိုင်ရှင်လေးကတော့ သိမှာမဟုတ်ပါဘူး။။။။။
နီးစပ်မှုတွေဝေးကွာ
နားလည်မှုတွေကင်းမဲ့
နိုင်စားမှုတွေများပြား
နီးရာဓား ကြောက်နေရတာ
နော့် ချစ်သူသိပါလေစ။။။။။။။
*နော် = ကျနော် ကို ဆိုလိုပါသည်။ *
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
2 months ago
3 Comments:
မဂၤလာပါ၊
ချစ်သူသိစေချင်တဲ့ ကိုယ့်ဒုက္ခကို ရိုး၂လေးဖွဲ့နွဲ့ထားတာမို့ ကျွန်တော်နှစ်သက်မိတဲ့ကဗျာ ဖြစ်ခဲ့ပါတယ်။ ခေါင်းစဉ်ကိုတော့ လွဲမပေးတော့ပါဘူး။ မျှဝေပေးတဲ့ အတွက် ကျေးဇူးတင်တယ်။
လေးစားလျက်
http://winzaw-mdy.blogspot.com
အမရေ
ကဗျာခေါင်းစဉ်လေးကို ကျွန်တော်သိနေသလိုပဲနော်
အတိုကောက် ၃ လုံးလား ဟဲဟဲ
ကျွန်တော်အရင်က မဖတ်ဖူးဘူး
အခုမှ ဖတ်ဖူးတယ် ကောင်းတယ်ဗျာ
ဒါမျိုးလေးနဲ့ များများနှိပ်ပေးပါ...
ဒါနဲ့အမရေ
နွားကြီးက သော့ သိမ်းမယ်ဆိုပဲ စာမေးပွဲပြီးရင်တဲ့
ကျွန်တော့ကို ရန်ရှာနေတယ်ဗျို့
သူများတွေကတော့ ကဗျာ ခေါင်းစဉ်လေးကို သိတယ်တဲ့. ကျွန်တော်ကတော့ သိဘူး.. ဘာလို့ အဲလို လျှို့ဝှက် ရတာလဲဗျ... ခေါင်းစား လိုက်တာဗျာ....
Post a Comment