သူငယ်ချင်း တစ်ယောက်ပို့ ထားတဲ့ သူ့ရင်ထဲက စကားလေးတွေပေါ့..... သူ့ကို မတွေ့ရတာကြာပြီ... သတိရစိတ်နဲ့ Post လေးအဖြစ်ရေးဖြစ်တယ်ပေါ့ ........
.......
နှစ်လွှာပေါင်းမှ
တစ်ရွက်ဖြစ်ရတဲ့ စွယ်တော်ရွက်သည်ပင်
တစ်လွှာကြွေခဲ့ပေပြီမို့
တစ်ရွက်မမည်တော့ပါခိုင်...တဲ့
.........................................................................................................................၊
မြန်မာ စကားတစ်ခွန်းရှိတယ်.သိလား ....ထိုင်းကို ရောက်တော့မှ သူငယ်ချင်းပြောလို့ ကြားဖူးတာ၊ မင်းတော့ ကြားဖူးလားမသိဘူး သေပန်းပွင့်...တယ်....တဲ့
အဲဒါဘာအဓိပ္ပါယ်လဲ...လို့ သူက ဒို့ကို မေးတယ်...ဘာပဲ ဖြစ်ဖြစ်လေ................. ကိုယ်ကကတော့ ရှင်ပန်းပဲ ပွင့်ချင်တယ်....ဘာဖြစ်လို့လဲဆိုတော့..မင်းနဲ့ မဆုံရသေးဘဲ ကိုယ်တော့ သေပန်း မပွင့်ချင်သေးလို့ပါ.... အပေါ်က ကဗျာလေးက ဆရာဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ပဲ... ဆက်၍ခေါ်မည်ခိုင်...ဆိုတဲ့ နာမည်ြူကီး ၀တ္ထု ထဲက ကိုယ်ရထားတာ ကြာပါပြီ.... ကိုယ်တို့ ကျောင်းတက်တုန်းကဆိုရင် ... ဆရာဘုန်းနိုင်စပ်တဲ့ စွယ်တော်နဲ့ ပက်သက်တဲ့ ကဗျာကို ကြိုက်လွန်းလို့... စွယ်တော်ရွက်လေးတွေရရင် .. စာအုပ်ကြားထဲ ညှပ်ထားရလောက်အောင်ရူးတာ...နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ရတာလေ...ဆိုပြီး ကောင်မလေးတွေတွေ့ရင်.. စွယ်တော်လေးတွေပြပြီး နောက်ကြတာ....ပြီးတော့ စွယ်တော်ရွက်က အသည်းနဲ့တူတယ်လေ..၊ ဒါပေမဲ့ ကောင်မလေးရယ်.. ငါ့ သူငယ်ချင်း တစ်ယောက်နဲ့ သန်လျင်ဘက်သွားတော့မှ ငါ့ ခံစားချက်လေးကို ရေထဲလွှင့်ပစ်လိုက်ရတယ်.. သူက တိုင်ရင်းသားတစ်ယောက်ပါ... ငါတို့ ရေလည်ကျောက်တန်းဘုရားကို ဘုရာဖူးသွားတော့.. သန်လျင်ကားလမ်းလေးတစ်လျှောက်မှာ.. စွယ်တော်ပင်တွေ တအားပဲ... ကိုယ်က စွယ်တော် ပင်လေးတွေ ကြည့်ပြီး ကိုယ့် feel နဲ့ကိုယ်ပေါ့... အဲဒီအချိန်မှာ သူက စွယ်တော်ပင်တွေဘက် လက်ညိုးထိုးပြီး ဟိုမှာ ဟိုမှာ ............. တဲ့...။ ကိုယ်က စဉ်စားတယ်.. အော်သူလည်း ကိုယ်လိုပဲ စွယ်တော်ကို ခံစားတတ်တယ်ပေါ့..လေ . ဒါပေမဲ့ သူက ဆက်ပြောတယ်.. ကောင်မလေးရဲ့...အဲဒီ စွယ်တော်ရွက်တွေက ဟင်းချို ချက်သောက်လို့ အရမ်းကောင်းတာ..တဲ့... သူတို့ ကယားလူမျိုးတွေက စွယ်တော်ရွက် ဟင်းချို လုပ်သောက်တာ..တဲ့... ကိုယ့်မှာ ဘာပြောရမှန်းတောင် မသိဖြစ်သွားတယ်...စွယ်တော်ကို မြင်လို့ လွမ်းမယ်ကြံတိုင်း ဟင်းချို ပန်းကန်ကြီး မျက်စိထဲ မြင်လာတယ်ကွာ.. ဆရာ ဘုန်းနိုင်ကိုလည်း သနားသွားတယ်.. အဲဒီင်္ထဲက ကိုယ်လည်း စွယ်တော်ကို မလွမ်းတတ်တာ ကြာသွားပြီ... အခုတော့ ကိုယ်နေတဲ့ နေရာနားမှာ စွယ်တော်ပင်တွေ တအားပဲ၊ ကောင်မလေးရ ...ရေခြားမြေခြားမှာ ကိုယ်ကြိုက်တဲ့ စွယ်တော်လေးတွေ တွေ့ရတော့ မင်းဆီကို စာရေးချင်စိတ် ပေါ်သွားတယ်.. ကိုယ်လည်း မင်းနဲ့ နှစ်ယောက်ပေါင်းပြီး တစ်ဘ၀ ဖြစ်ချင်တယ်.. လို့..............၊မဆီမဆိုင် ကြောက်မိတာလေး ရှိတယ်.. ကိုယ်သူငယ်ချင်းများ သိသွားရင် .. ဘ၀ဆိုတာကြီးကိုလည်း ဟင်းချို ချက်သောက်ပစ်လိုက်မလားမသိဘူး...............၊
ဘာပဲ ဖြစ်ဖြစ်... ကိုယ်ကတော့ မင်းကို သတိရနေမိတာတော့ သေချာနေပါပြီ.........၊
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
2 months ago
0 Comments:
Post a Comment