နှစ်သစ်ကူးမှာ
ပျော်ရွှင်မြူးပျစွာ
ကြည်နူးနိုင်ကြပါစေ.....လို့
ကဗျာမလေးက
လှပတဲ့ စိတ်အတွေးနဲ့
အတိတ်ဆိုတာကို
ဟိုးးးးး ဝေးဝေး တစ်နေရာမှာထားရင်း
ချမ်းသာသုခ ပြည့်ဝစေကြောင်း
ဆုမွန်ကောင်းတောင်းပေးပါတယ်နော်။
အသစ်သစ်သော
အရာတို့နဲ့
နှစ်သစ်ကိုလျှောက်လှမ်းရင်း
အချစ်စစ်စစ်
မေတ္တာစင်စစ်တို့နဲ့
တွဲလက်မြဲခိုင်
ဘ၀လှလှတို့
ပိုင်ဆိုင်နိုင်ကြပါစေ။
Thursday, December 31, 2009
“မင်္ဂလာနှစ်သစ်ကူးလေး ဖြစ်ပါစေ”
Posted by ကဗျာမ လေး at 9:51 AM
Labels: ခံစားချက်လေးများ, အမှတ်တရ, ရေးမိရေးရာ
Subscribe to:
Post Comments (Atom)

1 Comment:
ညီမရေ..မင်္ဂလာနှစ်သစ်ပါ။ အဆင်ပြေပျော်ရွှင်ပါစေ။
Post a Comment