ဒီနေ့ ၂၀၀၉ခုနှစ်၊ ဇွန်လ၊ ဆယ်ရက် (၁၀.၆.၂၀၀၉ )
အောင်မြင်ကျော်ကြား လူကြိုက်များလှတဲ့ (ခေတ္တခဏပုန်းကွယ်နေတဲ့) ဘလော့ဂါကြီး ကိုဝင်းဇော်(WELCOME)ရဲ့မွေးနေ့မှာ မွေးနေ့အမှတ်တရအဖြစ် ဒီလက်ဆောင်လေးလက်ခံပေးပါလို့.....
ကိုဝင်းဇော် ရေ..... ယနေ့ကျရောက်သော မွေးနေ့မှသည် နောင်နှစ်တစ်ရာကျော်တိုင် အောင်မြင်ပျော်ရွှင်တဲ့ဘ၀ကို ချစ်တဲ့သူနဲ့ ပိုင်ပိုင် လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်ရှင်။
ပျော်စရာကောင်းတဲ့ မွေးနေ့ပွဲလည်း
သီချင်းလေးဆိုညည်း လက်ခုပ်တီးပေးဖို့
ဖြစ်မှ မဖြစ်နိုင်တာနော့်။
နှစ်ယောက်အတူလက်တွဲ ဘုရားမှာလည်း
ချမ်းမြေ့စေကြောင်း ဆုမွန်ကောင်းတောင်းပေးဖို့
ဖြစ်မှ မဖြစ်နိုင်တာနော့်။
ဒါပေမယ့်
တစ်ခုတော့ရှိတယ်
ရင်ထဲ ဆန္ဒအလွန်ပြင်းပြရင်
အတွေးလေးနဲ့လည်း ဖြစ်နိုင်ပါတယ်။
တစ်နေရာမှာ တစ်ယောက်တည်းထိုင်
တစ်ခုကိုတွေး ဆုတောင်းတော့ပေးမယ်လေ။
သာယာချမ်းမြေ့ ပျော်ရွှင်ခြင်းအပြည့်နှင့်
ဘ၀တက်လမ်း ရည်မှန်းထားသမျှ
လိုတရပါစေသားလို့။
Wednesday, June 10, 2009
“မွေးနေ့ဆုတောင်း”
Subscribe to:
Post Comments (Atom)

2 Comments:
ကိုဝင်ဆော် ရဲ့မွေးနေ့လား သိတောင် မသိလိုက်ဘူးဗျာ ဟတ်ပိးဘတ်ဒေးပါဗျား။
ဟယ်
အမရေ
ညီမနောက်ကျသွားတယ် ..
ဘာကျန်သေးလဲဗျို့
ဟက်ပီးဘတ်ဒေးပါကိုဝင်းဇော်ရေ
ချစ်သူနဲ့ပျော်ရွှင်ပါစေး)
Post a Comment