ဒီကမ္ဘာလောကကြီးမှာ
ရုပ်ဆိုးတဲ့
လူအတွက်
ချစ်ခြင်းတရား ကို
ဖန်ဆင်းခွင့်
မပေးခဲ့ဘူးလား…
ငါ့ဘက်က
မျှော်လင့်ရင်းနဲ့
ပေးဆပ်ခဲ့လည်း…
မင်းရဲ့…
အပြုံး တစ်ပွင့်တောင်
ပြန်မရတဲ့ ငါ့ဘ၀…
ခါးသက်ခြင်းတွေ
များလှပါတယ်…
အချစ် ဆိုတာ
လှပခြင်းနဲ့ မိတ်ဖွဲ့သလား
ပြည့်စုံခြင်းနဲ့ ဖြစ်တည်သလား
မင်း မက်မောတဲ့
ရုပ်ရည်၊ ရွှေငွေ မရှိတာနဲ့ပဲ
ငါ့ ချစ်ခြင်းတွေက…
မစစ်မှန်တော့ဘူးလား…
ရုပ်ကြမ်းနဲ့တော့
မနွဲ့ချင်ပါဘူး (--- ရယ်)
ဒါပေမယ့်…
ကြမ်းတမ်းတဲ့ သွင်ပြင်ကို
မကြည့်ဘဲနဲ့
အရမ်းလွမ်းတဲ့ ရင်ခွင်ကို
ကြည့်လှည့်ပါ…
မင်းကြောင့်
ကမ္ဘာပျက်နေတဲ့
နှလုံးသားတစ်ခုကို မြင်ရမှာပါ (---)။
Tuesday, March 31, 2009
ကမ္ဘာပျက် နှလုံးသား
Posted by ကဗျာမ လေး at 2:04 PM
Labels: ခံစားချက်လေးများ, နှစ်သက်မိသော ကဗျာ
Subscribe to:
Post Comments (Atom)

6 Comments:
ကမ်းတမ်းတဲ့ သွင်ပြင်ကို
မကြည့်ဘဲနဲ့
အရမ်းလွမ်းတဲ့ ရင်ခွင်ကို
ကြည့်လှည့်ပါ
လန်းတရ်ဟေး။။
တော်ကီက တော့။။
ကြိုက်သွားပြီ(ကဗျာကို)
အားပေးလျက်
မယ်ငေါင်
ကမ်းတမ်းတဲ့ သွင်ပြင်ကို
မကြည့်ဘဲနဲ့
အရမ်းလွမ်းတဲ့ ရင်ခွင်ကို
ကြည့်လှည့်ပါ…
မင်းကြောင့်
ကမ္ဘာပျက်နေတဲ့
နှလုံးသားတစ်ခုကို မြင်ရမှာပါ (---)။
နှလုံးသားလေး လှနေဖို့ အရေးကြီးဆုံးပါ--
ကဗျာမလေးရေ---
ပျော်ရွှင်ပါစေ--
ကဗျာဖတ်ပြီး အရမ်းခံစားလိုက်ရတယ်.။ စစ်မှန်တဲ့ ခံစားချက် တွေလား.။ ပျော်ရွှင်နိုင်ပါစေ.......
သင်္ကြန်ရေလို အေးမြပါစေ
မြန်မာပြည်သူများ သာယာဝပြောပါစေ
ငြိမ်းချမ်းကြပါစေ
ဘဝ နဲ့ ဆန္ဒတထပ်တည်းကျကြပါစေ
အဆင်ပြေ ပျော်ရွှင်ပါစေအမရယ်
ကဗျာလေးဖတ်ပြီး..ခံစားလိုက်ရတယ်
ကဗျာရဲ့ကဗျာတွေကအရင်ထက်ကောင်းလာပါလားးး
ဂုဏ်ယူအားပေးနေတဲ့..ကောင်လေးကထပ်အားပေး
ပါတယ်...ုကမ်းတမ်းတဲ့သွင်ပြင်တွေ မမြင်ရပါဘူးး
Post a Comment