မိမိက သီလရှင်ဝတ်ချင်တယ်၊
မိဘတွေ၊ ဆွေမျိုးသားချင်းတွေက
ခွင့်မပြုဘူး။
အတင်းအဓမ္မ တားကြတယ်၊
ဆီးကြတယ်၊ ပိတ်ပင်ကြတယ်။
သီလရှင်ဝတ်ချင်တာ
မ၀တ်ရလို့ဆိုပြီးတော့
မျက်ရည်ကျရတယ်၊ ငိုရတယ်။
အဲဒီလို သီလရှင်ဝတ်ချင်ပါလျက်
ဝတ်ခွင့်မရလို့
ကျတဲ့မျက်ရည်ဟာလည်းပဲ
သေ၀ိတဗ္ဗမျက်ရည်၊
မှီဝဲထိုက်တဲ့မျက်ရည်၊
တန်ဖိုးရှိတဲ့မျက်ရည်ပါပဲ။
ဒီမျက်ရည်ကြောင့်
သီလရှင်ဝတ်ဖြစ်သွားနိုင်တယ်။
မ၀တ်ဖြစ်တောင်မှ
ဝတ်ချင်တဲ့ဓာတ်တော့
အခိုင်အမာ ကိန်းဝပ်သွားနိုင်ပါတယ်။
Tuesday, March 3, 2009
သီလရှင်ဖို့ သီလရှင်ပဲဝတ်ချင်တယ်
Posted by ကဗျာမ လေး at 2:00 PM
Labels: စိတ်အားဖြည့် စကားစု
Subscribe to:
Post Comments (Atom)

2 Comments:
ဒီမျက်ရည်ကြောင့်
သီလရှင်ဝတ်ဖြစ်သွားနိုင်တယ်။
မ၀တ်ဖြစ်တောင်မှ
ဝတ်ချင်တဲ့ဓာတ်တော့
အခိုင်အမာ ကိန်းဝပ်သွားနိုင်ပါတယ်။
အဲဒီလောက်တောင်ပဲလား ကဗျာ လေးရယ်---
မြင့်မြတ်တဲ့ စိတ်ထားလေးကို
ထဲထဲဝင်ဝင် မြင်မိပါရဲ့ ..
တကယ်ဝင်ချင်တယ်ဆိုရင်
ကုသိုလ်ယူပါမယ်။
(ခေါင်းဖီးကအစ မှန်အဆုံးတာဝန်ယူပါမည်၊ ချိတ်ချိုးနဲ့ စတာ)
Post a Comment