မျှော်လင့်ချက်လေးတွေပေး
ယုံကြည်မှုတွေယူ
ကိုယ့်နှလုံးသားကိုသိမ်းပိုက်
နောက်...
နှုတ်ဆက်တယ်လို့ မပြော
မုန်းလိုက်တော့လို့ မဆို
မေ့လိုက်ပြီလို့ မသုံး
ပျောက်ဆုံးသွားတဲ့မင်းကို
ကိုယ် အမြဲရှာနေမိပြီ...။
ဝေးသွားခဲ့ပြီး နောက်ပိုင်း
မင်းနဲ့ပျော်ရွှင်ခဲ့တဲ့
အချိန်ခဏလေးတွေကိုပဲ
ကိုယ်ရဲ့အမှတ်တရအဖြစ်
ပိုင်ဆိုင်ခွင့်ရှိနေပါရစေ...။
Tuesday, March 31, 2009
ပုံရိပ်ယောင်
Posted by ကဗျာမ လေး at 8:26 AM
Labels: ခံစားချက်လေးများ, နှစ်သက်မိသော ကဗျာ
Subscribe to:
Post Comments (Atom)

1 Comment:
hay!
I`m here;
:D
just kidding;
Post a Comment