မေတ္တာသက်သက်နဲ့ဆိုရင်
ယေဘုယျဆန်သွားသလို
သံယောဇဉ်သက်သက်နဲ့ဆိုရင်လည်း
တစ်ကိုယ်ကောင်းဆန်သွားပါတယ်။
ကြင်နာနွေးထွေးမှုမပါတဲ့
အကျိုးဆောင်မှုသက်သက်မေတ္တာဟာ
အကျွမ်းဝင်ရာမရောက်သလို
အကျိုးဆောင်မှုမပါတဲ့
ကြင်နာနွေးထွေးမှုသက်သက်
သံယောဇဉ်ဟာလည်း
အကျွမ်းဝင်ရာမရောက်ပါဘူး။
ဒါ့ကြောင့် ပုထုဇဉ်လူသားတွေအတွက်
အကျွမ်းဝင်ခြင်းဆိုတာကို
အဓိပ္ပါယ်ဖွင့်ရရင်
တစ်ယောက်အပေါ်တစ်ယောက်
ကြီးမားတဲ့ မေတ္တာတရားနဲ့ရော၊
ခိုင်မြဲတဲ့ သံယောဇဉ်တရားနဲ့ပါ
အပြန်အလှန် ရစ်ပတ်နှောင်ဖွဲ့
ချစ်ခင်မြတ်နိုးကြတာကို
အကျွမ်းဝင်တယ်လို့ ခေါ်ပါတယ်။
အဲဒီလို မေတ္တာသံယောဇဉ်နဲ့
အပြန်အလှန် မြတ်နိုးချစ်ခင်
အကျွမ်းဝင်တဲ့သူဟာ
မိမိရဲ့အနှိုင်းမဲ့ဆွေမျိုးပါပဲ။
Monday, January 19, 2009
မေတ္တာလည်းနှော ချစ်တာလည်းရောမှ အနီးဆုံးလူ
Posted by ကဗျာမ လေး at 8:35 AM
Labels: စိတ်အားဖြည့် စကားစု
Subscribe to:
Post Comments (Atom)

2 Comments:
သံယောဇဉ်ကြိုး ပိုးကြိုးရယ်လိုပေျာ့တခါ သံကြိုးတွေလိုမာတလှည့် ဖြတ်ရခက်ပါလား။
ကဗျာမလေးရေ---
လာလည်ပါတယ်---
ကဗျာတွေဖတ်သွားတယ်--
ကောင်းတယ်---
Post a Comment