He said that .........
အထင်သေးလိုတဲ့ စိတ်လည်း မရှိပါဘူး။
ဒီလိုအခြေအနဖြစ်အောင် လုပ်လိုစိတ်လည်း အလျဉ်းမရှိခဲ့တာ အမှန်ပါ။
ဘာတစ်ခုမှ နစ်နာအောင် မလုပ်ခဲ့တာလည်း အမှန်ပါ။
အပျော်သဘော ဆိုတာလည်း မရှိခဲ့ပါဘူး။
မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်အပေါ် နားမလည်နိုင်ခဲ့တာပဲ ရှိပါတယ်။
ပြင်ဆင်ချိန်မရခင်၊ အလုံးစုံ သိခွင့်မရနိုင်ခင်
အချိန်တိုတိုကလေးအတွင်းမှာ
အတင်းတိုးဝင်မှုအပေါ် ဘာတစ်ခုမှ မလိုက်လျောနိုင်ခဲ့တဲ့အတွက်
အမှားဖြစ်ခဲ့ရပါတယ်။
ဝမ်းမနည်းဘူးဆိုတာတော့ မရှိပါဘူး။
စိတ်မကောင်းဖြစ်ရပါတယ်
ဝမ်းနည်းမိပါတယ်
ဖော်မပြနိုင်တဲ့ ဆုံးရှုံးမှုကိုလည်း ရရှိခဲ့ပါတယ်
ကိုယ့်ပယောဂကြောင့် ဒီလို ၀မ်းနည်းစေခဲ့တာ ၀ဋ်ကြွေးလား။
ဒါပေမယ့်
ပြောနိုင်တာတစ်ခုတော့ရှိပါတယ်
ပျော်ရွှင်စေချင်ခဲ့တာတော့ အမှန်ပါ။
နောက်ကြုံရင် အားပေးစကားပြောဖြစ်မှာပါ။
ဖေးဖေးမမနဲ့ အကောင်းဆုံးဖြစ်အောင် အားပေးစကားပြောပေးမှာပါ။
Wednesday, December 17, 2008
Forgive me
Posted by ကဗျာမ လေး at 9:07 AM
Labels: လှပသော စကားလုံးလေးများ
Subscribe to:
Post Comments (Atom)

2 Comments:
ကိုယ့်ချစ်သူအပေါ် အကောင်းဆုံး မြင်နိုင်တဲ့ စိတ်ထားလေးကို ဖတ်သွားပါတယ်။ သိပ်ချစ်နိုင်သူ တစ်ယောက်အတွက် စိတ်ခံစား ချက်လေးကို တစေ့တစောင်း ဖတ်သွားပါတယ်။
ရင်းနှီးမိတဲ့ ကြည်ခဲ့ဖူးတဲ့ အချစ်ဇာတ်အိမ်ဖွဲ့ ရုပ်ရှင်ကား တစ်ကား လိုပါပဲ
http://winzaw-mdy.blogspot.com
Post a Comment