လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊မာန်မာနနှင့်
ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု
ငါသွေးတက်ကြွ ၊လူ့ဗာလတို့ များလှဖြာဖြာ
အ၀ိဇ္ဇာနှင့် ၊ တဏှာဘီလူး ၊ အမှောင့်ပူး၍
ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်
မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ
မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု
ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ...........
ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်
သုဘရာဇာ ၊ မြေအောက်မှာပင်
ဘာသာလူမျိုး ၊ ချိန်မထိုးပဲ
ပုပ်သိုးခန္ဓာ ၊ မြှုပ်ရရှာသည်
ဘယ်မှာ ငါဟု ရှိအံ့နည်း ...... ။
တစ်ဘ၀သာသနာကျမ်းပြု မိုးကုတ်ဆရာတော်ဘုရားကြီးရေးသားတော်မူခဲ့သော သံဝေဂ ကဗျာဖြစ်ပါသည်။
သတ်ပုံမှားလျင် သီးခံပါရှင်။
Thursday, December 18, 2008
သံဝေဂ ကဗျာ
Posted by ကဗျာမ လေး at 1:34 PM
Subscribe to:
Post Comments (Atom)

3 Comments:
မမရေ ကဗျာလေးကိုလာအားပေးသွားတယ်မမ အဆင်ပြေပါစေနော်မမ။ မောင်လေးလည်းမအားလို့နောက်မှာပဲ လာလည်တော့မယ်နော်အစ်မ။ အဆင်ပြေပါစေဗျာအစ်မ
သံဝေဂ ကဗျာလေး ဖတ်သွားပါတယ်။
http://winzaw-mdy.blogspot.com
အမရေ ကဗျာလေးကိုအားပေးသွားပါတယ်
သံဝေဂ ဆင်ခြင်ဖွယ်ရာ ကဗျာလေးပါပဲ
ဒီလိုမျိုးလေးတွေကို ဖတ်ချင်ပါတယ်
Post a Comment