ကဗျာလေးကို နှစ်သက်လွန်းလို့ ... တောင်းယူလာတာပါ။ သိမ်းထားချင်လို့.....။
အပြုံးတစ်ခုကို ကွယ်ဝှက်လို့
မင်းနှလုံးသားရဲ့ နှင်းဆီငယ်ကို
ဆွတ်ချူဖို့ မဝံ့ခဲ့တာမို့
အမုန်းတုတစ်ခုနဲ့ ထဲထဲဝင်ဝင်
ရင်းနှီးနေမိတယ်
မာယာထောင်သောင်း
ဟန်ဆောင်ကောင်းတဲ့
ချစ်ခြင်းတွေ နဲ့
အပြစ်ကင်းစင် တဲ့
မင်းနှလုံးသား နုနုမှာ
အရောင်စွန်းထင်မှာကို
လုပ်မဝံ့လေဘူး
မချွေခင်က ကြွေ
မဆွတ်ခင်က ညွတ်နေသူလေးရယ်
ဂရုဏာတွေနဲ့ လွှမ်းခြုံလို့
မင်းထွင်တဲ့ မေတ္တာလမ်းမှာ
ခရမ်းလမ်းအမှတ်နဲ့
ငါကျောပေးနေမိတယ်
ဒဏ်ရာတွေ မမျှချင်တဲ့
ရင်တွင်းစေတနာကို
မင်းလေး .. ..
နားလည်နိုင်ပါစေ..
Wednesday, December 31, 2008
အမုန်းတု
Posted by ကဗျာမ လေး at 10:50 AM
Labels: လှပသော စကားလုံးလေးများ
Subscribe to:
Post Comments (Atom)

1 Comment:
ဒီကဗျာလေး တစ်နေရာရာ မှာ ဖတ်ဖူးသလိုလို ခံစားမိတယ်..
Post a Comment