မျက်ဝန်းတို့၏
စူးရှတောက်ပမှုသည်
နေမင်းနှင့် မခြားသော်လည်း
မာနဆိုတာခ၀ါချ
အလွှာမမျှသည့်တိုင်
မျက်ဝန်းနက်ပိုင်ရှင်၏
တဒင်္ဂအကြည့်သည်
နက်ရှိုင်းမှုရှိ၏
နွေးထွေးမှုကိုခံစားရ၏
နားလည်မှုကိုမြင်တွေ့ရ၏
နူးညံ့မှုဟူသည်
အတုအပမရှိ
ထို အကြည့်သည်ကား
သမုဒယ အကြည့်
Tuesday, December 30, 2008
အတုအပ မရှိတဲ့ သမုဒယအကြည့်
Posted by ကဗျာမ လေး at 9:19 AM
Labels: ကိုယ်တိုင်ရေး ကဗျာ
Subscribe to:
Post Comments (Atom)

0 Comments:
Post a Comment