(----)လရဲ့
နေ့တစ်နေ့
မေ့မရအောင်
ကျွန်မရင်ကို
စူးနစ်စေခဲ့တယ် ... မောင်
အသည်းကွဲဝေဒနာကို
တစ်ခါမှလည်း
မခံစားဖူးတော့
အရူးလို့တောင်
ဝန်းကျင်လှောင်ပြောင်
ဟန်ဆောင်အပြုံးနဲ့
ကျွန်မ အရှုံးပေးခဲ့ပါတယ် ... မောင်
သြော် ... မောင်ရယ်
ရင်ထဲက ချစ်စိတ်
မောင့်ကို တိတ်တိတ်
ညတစ်ညရဲ့
အိပ်မက်မှာတောင်
ပြောခွင့်ရယ်မသာ
မောင့်မှာ
ဆိုင်သူရှိပြီးသားမို့ပါ .....။
Tuesday, November 11, 2008
ဆိုင်သူရှိပြီး၍
Posted by ကဗျာမ လေး at 9:32 AM
Labels: ကိုယ်တိုင်ရေး ကဗျာ
Subscribe to:
Post Comments (Atom)
5 Comments:
လွမ်းနေတာလားအမ ကဗျာလေးဖွဲ့ဆိုထားတာကတော့ အရမ်းကောင်းတယ်အမရေ။ အချစ်တဲ့နော် ထူးဆန်းတယ်နော် ပျော်ရွှင်အဆင်ပြေပါစေအမရေ။
အစ်မ
ဆို့နင့်စရာကဗျာလေးပါ။
လူတိုင်း ပထမနေရာ ရချင်တာသဘာဝပါ။
စိတ်တူ ကိုယ်တူ အတွေးတူဆိုရင် .. ..
အကောင်းဆုံး ဒုတိယတွေလည်း မရှားပါဘူး။
ပျော်ရွှင်အဆင်ပြေပါစေ
အားပေးလျက်ပါ
http://winzaw-mdy.blogspot.com
ဟီ..ဟိ.
မောင့်မှာ ဆိုင်သူရှိပြီးသားတဲ့လား.
သားသားမှာတော့ ဆိုင်သူ ရှိသေးဝူး
စိတ်ဝင်စားရင်ပြောတာပါ.
ကဗျာလေးကကောင်းတယ်
ကဗျာလေးကကောင်းတယ်
အားပေးနေပါမယ်
Post a Comment