" ကဗျာ " တို့ကျောင်းက ပထမနှစ် (EP) ကျောင်းသူလေး " ညသွေး " ရဲ့ ကဗျာလေးကို ကိုယ်စား တင်ပြပေးလိုက်ပါတယ်..... (၃) နာရီ မေးခွန်းကို (၁)နာရီနဲ့ ဖြေပြီး စာမေးပွဲခန်းထဲမှာတင် လက်တန်းချရေးတဲ့ ကဗျာလေးပါ... အားပေးလိုက်ကြပါဦးနော်။ ကဗျာ ခေါင်းစဉ်တော့ မရွေးရသေးပါဘူး။
မိုးအေးအေးမှာ
ကော်ဖီနွေးနွေးနဲ့ ကိုယ်တွေးနေခဲ့တယ်
ငယ်စဉ်ကမတွေး
ပျော်မြူးလို့သာဆော့လို့
အမေ အဆူခံရပေါင်းလည်းမနည်းပါဘူး
ကျောင်းစာတွေ အော်ကျက်
အာခေါင်စပ်လို့
ရယ်ရယ်မောမော အအိပ်စောခဲ့တယ်
တစ်ခါတစ်ရံ
ဖိနပ်ကျန်လို့ အမေဒဏ်ပေး
ကိုယ်ပြေးခဲ့ရတယ်။
ပျော်မြူးတုန်းကမသိ လိုအပ်ခါမှသိ၍
ကြိုးစားကာသင် " စာဘုရင် " ဟု
အောင်လံရယူ
ကိုယ်ပြုမူရန် သွန်ကာဆုံးမ
အမိအဖမှာ ပြုစုပျိုးထောင်
မြေတောင်မြှောက်ခဲ့တယ်။
ဒါတွေကိုရှု
အမှန်ပြု၍ ကြိုးစားကာရှေ့ဆက်
အနာဂတ်မှာ အောင်လံထူ
အညွန့်တလူလူနဲ့
ပန်းတိုင်ကိုမှန်း
ကိုယ်အရောက်လှမ်းမယ်
အနာဂတ်ရယ်။
Friday, October 31, 2008
ခေါင်းစဉ်လေး တပ်ပေးလိုက်ကြပါ
Posted by ကဗျာမ လေး at 10:10 AM
Labels: မျှဝေခြင်း ကဏ္ဍ
  Subscribe to:
  
Post Comments (Atom)

 
 
 
 
 
 
 
 
 
 
1 Comment:
အစ်မရေ...ကဗျာလေးကအရမ်းကောင်းတယ်။
ခေါင်းစဉ်တော့သိပ်မပေးတတ်ဘူး။
ဒါပေမဲ့စဉ်းစားမိတာလေး တစ်ခုကိုပေးလိုက်တယ်နော်...
...ပန်းတိုင်...
Post a Comment