ချစ်သူ
မင်းနဲ့ငါ အတူ
ချစ်ခြင်းဟူသမျှကို
ငြူစူခြင်း ကင်းပ
ဖြူစင်ခြင်း အပြည့်အ၀နဲ့
သွေးမကွဲ လက်မကွာ
တစ်သက်မခွာ
ထာဝရ အမြဲ
ဆက်ကာသာပဲ ချစ်ကြမယ်ရယ်လို့
သစ္စာပွဲလေး နွှဲခဲ့ကြသေးတယ်နော်...။
တစ်ဦးကိုတစ်ဦး
နားလည်မှုပေး
စာနာမှုအတွေးနဲ့
ကြင်နာမှုလေး မဝေးရအောင်
နွေးထွေးမှု မေတ္တာရည်နဲ့
ချစ်ကမ္ဘာလေးလည်း တည်ခဲ့ကြသေးတယ်နော်.....။
ချစ်သူ
အလွမ်းမသိ အဆွေးမပိ
ယုယမှု အတိပြီးတဲ့
နှစ်ဝက်နီးနီး
ချစ်ခရီးမှာ
အချစ်ကြီး ချစ်ခဲ့ပြီးကာမှ
အနှစ်မရှိတဲ့ စကား
ကြားကြားသမျှ အတင်းစုံနဲ့
မင်းတင်ပြခဲ့ပုံက
ယုံချင်စရာ မရှိ
ဂုဏ် အင်္ဂါ ကွာဟလှပါဘိ ... သတဲ့.......။
Tuesday, October 21, 2008
မင်းပေးတဲ့ ကဗျာ
Posted by ကဗျာမ လေး at 9:17 AM
Labels: ကိုယ်တိုင်ရေး ကဗျာ
Subscribe to:
Post Comments (Atom)

0 Comments:
Post a Comment