သစ္စာရှင် က
ကဗျာ့ ကို မေးတယ်
အချစ်ဆိုတာ.....
ဘာလဲတဲ့
အဲဒီတော့လေ.....
ကဗျာက ဖြေတယ်
အချစ်ဆိုတာ.....
ဖြစ်ပျက်ဆိုတဲ့
သင်္ခါရ တရား အောက်မှာ
ပညတ်ချက် အမျိုးမျိုးနဲ့
ထာဝရ ရှင်သန်ခွင့်ရနေတဲ့
ရင်တွင်း ခံစားချက် တစ်ခု.....
ဒါပေမယ့်
အမျိုးမျိုးသော ပညတ်ချက်တွေနဲ့
ချစ်နေကြတဲ့ ဘ၀ထက်မှာ
"သစ္စာ" ဆိုတာကိုတော့
မေ့ထားလို့ မရဘူးပေါ့
သစ္စာရှင် ရယ်.............။
"သစ္စာရှင် " ဆိုတာ ကဗျာ့ ရဲ့ အချစ်ရဆုံး သူငယ်ချင်းပါ.....(တစ်ချိန်တုန်းဆီကပေါ့)။
Friday, October 17, 2008
"အချစ်ဆိုတာ"
Posted by ကဗျာမ လေး at 10:37 AM
Labels: ကိုယ်တိုင်ရေး ကဗျာ
Subscribe to:
Post Comments (Atom)

0 Comments:
Post a Comment