ဤကမ္ဘာတွင် အောင်မြင်ခဲ့သော၊ ကျော်ကြားခဲ့သောသူများကို ကြည့်ပါ က ထိုသူများသည် ပေးခဲ့သောသူများသာ ဖြစ်လေသည်။ ဥပမာဆိုရလျင် ရှင်တော်ဗုဒ္ဓ၊ မဟတ္တမဂန္ဓီနှင့် မာသာထရီဇာတို့ပင် ဖြစ်လေသည်။ အဆုံးစွန်ဆုံးဆိုရမည်ဆိုလျင် ဟစ်တလာသည်ပင်လျင် ပေးဆပ်သူ အဖြစ် ရပ်တည်ခဲ့လေသည်။ သို့သော်လည်း နောက်ဆုံးတွင် ရယူလိုမှုများကာ ဇာတ်သိမ်းမလှ ဖြစ်ခဲ့ရ လေသည်။ ထို့ကြောင့် အသက်ရှင်သမျှကာလပတ်လုံး ပေးသူအဖြစ်တစ်ဖုံ၊ ယူသူအ ဖြစ်တစ်နည်း နေထိုင်သွားရမည်သာ ဖြစ်လေသည်။ တစ်သက်တာလုံး ပေးသူအဖြစ်ရပ်တည်နိုင်ရန်မှာ လွယ်ကူသောအလုပ်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာလောကတွင် ပေးသူထက် ယူသူက များသောကြောင့် ဖြစ်လေသည်။ ထို့ပြင် မိမိ မလိုက်လျောနိုင်သည့်၊ လုပ်ပေးနိုင်စွမ်းမရှိသည့် ကိစ္စရပ် များကို တောင်းဆိုခံရခြင်းများလည်း တွေ့ကြုံရနိုင်ပေသည်။ ထိုအတွက် မပေးနိုင်လေခြင်း၊ ဖြည့်ဆည်း နိုင်စွမ်း မရှိလေခြင်းဟုတွေး၍ ၀မ်းနည်းနေစရာမလိုပေ။ ထို့အတူဘယ်အရာကိုမှ ဖြည့်ဆည်းမပေးနိုင် တာ ပေးသူအဖြစ် မရပ်တည်တော့ပါဘူး ဟူ၍လည်း စိတ်လျော့စရာမလိုအပ်ပေ။ အရေးကြီးသည်မှာ ကိုယ်တတ်နိုင်သလောက်၊ ကိုယ်စွမ်းဆောင်နိုင်သလောက် ပေးခြင်းအမှုကို များနိုင်သမျှ များအောင်ပြု၍ ယူခြင်းအမှုကို နည်းနိုင်သမျှ နည်းအောင်ပြုလုပ်ရပေလိမ့်မည်။
အမှန်မုချပြည့်ဝနိုင်မည့် ဆုတစ်ခုသာ တောင်းခွင့်ရခဲ့ပါက သူတစ်ပါး၏ စိတ်ချမ်းသာမှုကို တတ်နိုင်သမျှ ပေးစွမ်းနိုင်သောသူ ဖြစ် ရပါလို၏ဟု ဆုတောင်းမိမှာပင် ဖြစ်လေတော့သည်။
သို့သော်လည်း အပြောလွယ်သလောက် အလုပ်ခက်သည်ဆိုသော စကားကဲ့သို့ပင် ထိုအကျင့်ကို စွဲမြဲစေရန် အတော်ပင်လေ့ကျင့်ရအုံးမည် ဖြစ်ပေသည်။
'လူကျော်' ၏ ရင်တွင်းခံစားချက်အား အငှားတင်ပြပါသည်။
Monday, October 13, 2008
"ပေးသူနဲ့ယူသူ"
Posted by ကဗျာမ လေး at 12:26 PM
Labels: မျှဝေခြင်း ကဏ္ဍ
Subscribe to:
Post Comments (Atom)

2 Comments:
အမရေ ပေးဆပ်တော့ ပေးဆပ်ချင်ပါတယ်
ဒါနဲ့စကားမစပ်
ဒီကနွားကြီးကတော့ ပေးဆပ်ဖို့သင့်တဲ့သူ မဟုတ်ဘူး
နော် ဟုတ်တယ်မို့လား အမ
အမရေ
ညီမလေး လာအားပေးတယ်နော်
အဲဒီနွားကြီး စားကျက်မပြောင်းသေးဘူးလား
အလကား ငနွားကြီးနော်
အမပျော်ရွှင်ပါစေ
online poem လေးကို ကြိုက်တယ်
အဲလို ကဗျာလေး များများရေးနော်
Post a Comment