ဒီနေ့ မေမေ ဆုံးတာ တစ်နှစ်နဲ့ငါးလ ပြည့်တဲ့နေ့လေ..... မနက်က အိမ်ရှေ့မှာ ဆွမ်းခံကြွတဲ့ ကိုရင်လေးတွေကို ၀တ္ထုငွေ လောင်းလှူတယ်...။
ခါတိုင်းရက်တွေထက် ဒီနေ့ မေမေ့ ကို ပိုလို့ သတိရမိတယ်.....ဒါကြောင့် ဒီ post လေးရေးလိုက်တာပါ.....။
"အမေ" ဆိုတာ အရာရာကို အခါခါလည်း ခွင့်လွှတ်နိုင်တယ်...
"အမေ" ဆိုတာ သမုဒ္ဒရာကို ပြာကျအောင်လည်း မီးရှို့နိုင်တယ်.....
"အမေ" ဆိုတာ မြင့်မိုရ်တောင်ကို ပြိုလဲစေနိုင်တဲ့ သတ္တိလည်းရှိတယ်.......
"အမေ" ဆိုတာ အကြင်နာနဲ့ ယုယကျောင်းမှာ ခေါင်းလောင်းထိုးနိုင်တဲ့ကျောင်းအုပ်ကြီးလည်းဖြစ်တယ်.........
"အမေ" ဆိုတာ မဟာအင်အား ခွန်အားဆေးလည်းဖြစ်တယ်...........
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
1 day ago
1 Comment:
ကဗျာမလေးရေ---ခံစားချက်ခြင်းထပ်တူကျ နှလုံးသားမှာ ဒဏ်ရာတွေဗရပွ(မေမေ့ကိုလွမ်းခြင်းများစွာ)နဲ့ ခံစားသွားပါတယ်
Post a Comment