ချစ်သူ
မင်းနဲ့ငါ အတူ
ချစ်ခြင်းဟူသမျှကို
ငြူစူခြင်း ကင်းပ
ဖြူစင်ခြင်း အပြည့်အ၀နဲ့
သွေးမကွဲ လက်မကွာ
တစ်သက်မခွာ
ထာဝရ အမြဲ
ဆက်ကာသာပဲ ချစ်ကြမယ်ရယ်လို့
သစ္စာပွဲလေး နွှဲခဲ့ကြသေးတယ်နော်...။
တစ်ဦးကိုတစ်ဦး
နားလည်မှုပေး
စာနာမှုအတွေးနဲ့
ကြင်နာမှုလေး မဝေးရအောင်
နွေးထွေးမှု မေတ္တာရည်နဲ့
ချစ်ကမ္ဘာလေးလည်း တည်ခဲ့ကြသေးတယ်နော်.....။
ချစ်သူ
အလွမ်းမသိ အဆွေးမပိ
ယုယမှု အတိပြီးတဲ့
တစ်နှစ်နီးနီး
ချစ်ခရီးမှာ
အချစ်ကြီး ချစ်ခဲ့ပြီးကာမှ
........
......
မောင်ရယ်.......။
Wednesday, March 17, 2010
မင်းပေးတဲ့ ကဗျာ
Posted by ကဗျာမ လေး at 10:28 AM
Labels: ကိုယ်တိုင်ရေး ကဗျာ, ခံစားချက်လေးများ
Subscribe to:
Post Comments (Atom)
4 Comments:
း(
လွမ်းစရာကြီါ်ပါလား အမရေ
“အွတ်...”
အဆုံးသတ်မှ အွတ်သွားအောင် ရေးတယ်...
း(
ကဗျာလေးက လွမ်းစရာလေး..
မရေးတာကြာပေမယ့်..လက်ရည်ကတော့ ပိုထက်လာသလိုပဲနော်..။
ကဗျလေးကတော့ကျနော်အတွက်ဟတ်ထိတယ်
ဒီကဗျာလေးရေးပေးတဲအတွက်ကျေးဇူဘဲ
.....မရယ်။
Post a Comment